မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများ

အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)နှင့် ကွမ်းခြံကုန်းမြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှု အစီအစဉ်အနေဖြင့် မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကို ၂၀၂၂ခုနစ်၊မတ်လ ၁၁ရက်နေ့က သရုပ်ပြလေ့ကျင့်ခဲ့ကြပါသည်။ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်၍ သရုပ်ပြလေ့ကျင့်ခဲ့ကြပါသည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ပါက ဆောင်ရွက်သင့်သည်များကို ဟောပြောဆွေးနွေးခြင်း Class A ရိုးရိုးမီးငြိမ်းသတ်ပုံကို သရုပ်ပြလေ့ကျင့်ခြင်း Class B ဓာတ်ဆီ၊ဒီဇယ်မီးကို ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်ပုံကို သရုပ်ပြလေ့ကျင့်ခြင်း...

ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်း

GTHS(လက်ခုပ်ကုန်း)မိသားစုများမှ ကထိန်ဉတ်သင်္ကန်းကြီး၊ အာရုဏ်ဆွမ်းအချိုပွဲ၊ နေ့ဆွမ်း အချိုပွဲ နှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် နဝကမ္မ အလှူတော်ငွေ ၃၆၈,၀၀၀ ကျပ် လှူဒါန်းပါသည်။

World Youth Skill Day

Story Campaign, Inspiring Youth in TVET#TVETYouthStories#LearningNeverStops UNESCO-UNEVOC World Youth Skills Day အထိမ်းအမှတ်အဖြစ် နည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား မောင်ဝေယံလင်းအား အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်း

Covid-19 ကာလအတွင်း လှူဒါန်းမှုများ

ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမ ဝန်ထမ်းများမှ Covid ကာလအတွင်း လက်ခုပ်ကုန်းကျေးရွာရှိ အခြေခံအိမ်ထောင်စု(၃၅)စုသို့ လှူဒါန်းခဲ့ပါသည်။(၃-၅-၂၀၂၀) ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမ ဝန်ထမ်းများမှ Covid ကာလအတွင်း လက်ခုပ်ကုန်း ကျေးရွာအနောက်ဘုန်းကြီးကျောင်း နှင့် သာယာအေးကျေးရွာဘုန်းကြီးကျောင်းသို့ လှူဖွယ်ဝတ္တုအစုစုတို့ကို လှူဒါန်းခဲ့ပါသည်။(၂၈-၁၀-၂၀၂၀)