ရည်ရွယ်ချက်နှင့်ရည်မှန်းချက်များ

ရည်ရွယ်ချက်-အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)သည် ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ် ချက်များ၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သော စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သောစွမ်းရည်နှင့် ခွဲခြားဆန်းစစ်လေ့လာနိုင်သောစွမ်းရည် စသည့် (Soft Skill) လိုအပ်ချက်များ နှင့်ပြည့်စုံသော  လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုတိုးတက် မွေးထုတ်ပေးနိုင်ရန် ရည်မှန်းချက်-ကျောင်းဖွံ့ဖြိုးတိုးတက်စေရေး အတွက်...

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက် အမှာစကား

ဦးသက်နိုင်ကျောင်းအုပ်ကြီးM.E.(EC) နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများကို လေ့လာသင်ယူလို၍ပဲဖြစ်ဖြစ်၊ GTI,GTC ကျောင်းများသို့ ပေါင်းကူးလို၍ပဲဖြစ်ဖြစ် အစိုးရနည်းပညာအထက်တန်း ကျောင်း (လက်ခုပ်ကုန်း) ကိုတက်ရောက်ရန် ရွေးချယ်သော လူငယ်များအားလုံးကို နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါတယ်။ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ များကို စနစ်တကျ၊လက်တွေ့တတ်ကျွမ်းစေရန် အဓိကရည်ရွယ်ပြီး GTI,GTC ကျောင်း များသို့ တက်ရောက်ခွင့်ရရေးကိုပါ...

တည်နေရာ

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ၊ Cyclone Shelter တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)ကို ဖွင့်လှစ်ထားပါသည်။ အကျယ်အဝန်း-(၉.၃၃၆၅)ဧက

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)ကို (၃-၅-၂၀၁၀) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟုသိရပါသည်။