မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှုပ်ရှားမှုများ

အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)နှင့် ကွမ်းခြံကုန်းမြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှု အစီအစဉ်အနေဖြင့် မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကို ၂၀၂၂ခုနစ်၊မတ်လ ၁၁ရက်နေ့က သရုပ်ပြလေ့ကျင့်ခဲ့ကြပါသည်။ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်၍ သရုပ်ပြလေ့ကျင့်ခဲ့ကြပါသည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ခဲ့ပါက ဆောင်ရွက်သင့်သည်များကို ဟောပြောဆွေးနွေးခြင်း Class A ရိုးရိုးမီးငြိမ်းသတ်ပုံကို သရုပ်ပြလေ့ကျင့်ခြင်း Class B ဓာတ်ဆီ၊ဒီဇယ်မီးကို ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်ပုံကို သရုပ်ပြလေ့ကျင့်ခြင်း...