ရည်ရွယ်ချက်နှင့်ရည်မှန်းချက်များ

Views: 140
0 0

ရည်ရွယ်ချက်-အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း)သည် ဒေသတွင်း လုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill) လိုအပ် ချက်များ၊ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သော စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သောစွမ်းရည်နှင့် ခွဲခြားဆန်းစစ်လေ့လာနိုင်သောစွမ်းရည် စသည့် (Soft Skill) လိုအပ်ချက်များ နှင့်ပြည့်စုံသော  လူ့စွမ်းအား အရင်းအမြစ်များ ပိုမိုတိုးတက် မွေးထုတ်ပေးနိုင်ရန်

ရည်မှန်းချက်-ကျောင်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဓိက အရေးကြီးသော အခန်းကဏ္ဍကြီး (၂)ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အောက်ပါရည်မှန်းချက်များ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်။

  “လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး” *လူငယ်လူရွယ်များအား အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သော ပညာရပ်များကို အခြေခံမှစ၍ စနစ်တကျလေ့ကျင့် သင်ကြားခွင့်ရရှိစေရန်၊ *အဆင့်မြင့်နည်းပညာဘာသာရပ်များအား ဆက်လက်လေ့လာခွင့်ရရှိစေရန်၊   *အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာပြီးဆုံးအောင် သင်ကြားခွင့် မရသူများအား ကျွမ်းကျင်လုပ်သားများ အဖြစ်လေ့ကျင့်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်၊  *သင်ကြား၊သင်ယူလိုသူတိုင်း သင်ကြားခွင့်ရရှိအောင် သင်ယူမှုအခွင့်အလမ်းများ တိုးမြှင့်ပေးရန်၊ *ကျောင်းသားများအား ထားရှိအပ်သော စိတ်နေစိတ်ထား၊စောင့်ထိန်းအပ်သော ကျင့်ဝတ်များနှင့် ပြည့်စုံသည့် professional ပီသသည့်ကျွမ်းကျင်လုပ်သားများ ဖြစ်အောင် လေ့ကျင့်ပေးရန်၊ *ကျောင်းသားများ၏ စံနမူနာပြ ဖြစ်သောဆရာ၊မများ၏ စိတ်နေသဘောထားများ၊ စောင့်ထိန်းအပ်သောကျင့်ဝတ်များ စောင့်ထိန်းလိုက်နာမှုရှိစေရေးနှင့် စာတွေ့၊ လက်တွေ့ သင်ကြားနည်းစနစ်များ ခေတ်မီအရည်အသွေးပြည့်ဝစေရန်၊ *ကျောင်းနှင့် စက်ရုံ၊အလုပ်ရုံ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးစားရန်

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်