အဆောက်အဦနည်းပညာဌာနကို အစိုးရနည်းပညာအထက်တန်းကျောင်း (လက်ခုပ်ကုန်း) ၌ ၂၀၁၀ ခုနှစ် တွင်စတင်တည်ထောင်ခဲ့သည်။ အဆောက်အဦနည်းပညာဌာန၏ ရည်မှန်းချက်မှာ အရည်အချင်းပြည့်ဝသည့် အတတ်ပညာၡင်များ မွေးထုတ်ပေးပြီး မြန်မာနိုင်ငံ၏ အဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လိုအပ် လျက်ၡိသော လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပြီး ဒုတိယနှစ် အောင်မြင်ပါက အောင်လက်မှတ်ချီးမြှင့်ပေးသည်။ ထို့အပြင် အရည်အချင်းပြည့်မှီသည့် ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံများတွင် ဖွင့်လှစ်သော မြို့ပြအင်ဂျင်နီယာ ဒီပလိုမာ သင်တန်းကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။
အဆောက်အဦနည်းပညာသင်တန်း
အဆောက်အဦနည်းပညာသင်တန်းတွင် မြေတိုင်းဘာသာရပ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပညာရပ်များ၊ အခြေခံပုံဆွဲနှင့် အင်ဂျင်နီယာပုံဆွဲဘာသာရပ်များ၊ လက်တွေ့သင်ခန်းစာများကို သင်ကြားပေးလျက်ရှိသည်။ လက်တွေ့သင်ခန်းစာများတွင် ပန်းရံ၊ လက်သမား၊ မြေတိုင်း၊ သံချည်သံကွေး စသည် တို့ပါဝင်သည်။
သင်တန်းကာလ
သင်တန်းကာလမှာ (၂) နှစ်သင်တန်းဖြစ်ပါသည်။
- GTHS ပထမနှစ်
- GTHS ဒုတိယနှစ်
GTHS ပထမနှစ်
- Myanmar
- English
- Mathematics
- Engineering Physics
- Engineering Chemistry
- Surveying
- Building Materials & Construction
- Basic Engineering Drawing
GTHS ဒုတိယနှစ်
- English
- Mathematics
- Surveying
- Building Materials & Construction
- Engineering Drawing
စာသင်ချိန်
စာသင်ချိန်(၁)ချိန်တွင် (၁)နာရီရှိပြီး တစ်ရက်(၇)ချိန်၊ တစ်ပါတ်(၅)ရက်၊ တစ်နှစ်လျင်(၃၀)ပါတ် သင်ကြား လျက်ရှိပါသည်။
Assessment Methods
– စာသင်ခန်းတွင်း Tutorial များစစ်ဆေးခြင်း
– လပတ်စာမေးပွဲများစစ်ဆေးခြင်း
– လက်တွေ့(Practical ) စစ်ဆေးခြင်း
– နှစ်ဝက်စာမေးပွဲများ စစ်ဆေးခြင်း ဖြင့်ဆောင်ရွက်ပါသည်။
Grading System (ရမှတ်အလိုက်)
Grade A – 81 to 100 marks
Grade B – 61 to 80 marks
Grade C – 41 to 60 marks
Grade D – 21 to 40 marks
Grade E – 0 to 20 marks

