အီလက်ထရောနစ်နည်းပညာသင်တန်း

  • GTHS(လက်ခုပ်ကုန်း) အီလက်ထရောနစ်နည်းပညာ(EcT) ဌာနမှ ကြိုဆိုပါတယ်။
  • ဤဌာနတွင် ၂ နှစ်တက်ရောက်၍ပြီးမြောက်အောင်မြင်သောအခါ GTHS(Electronics Technology) အောင်လက်မှတ် ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါသည်။
  • ထူးချွန်စွာ အောင်မြင်တဲ့ ကျောင်းသား/သူများသည် GTI သို့ ဆက်လက် တက်ရောက်နိုင်မှာ ဖြစ်ပါသည်။
  • Electronics Technology ဌာနတွင် အဓိကလေ့လာရသော Electronics Field မှာ Circuit နှင့် Communication တို့ဖြစ်ပါသည်။
  • Circuit Field တွင် လျှပ်စစ်နှင့်ဆိုင်သော အခြေခံပစ္စည်းများ၊ Circuit တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံတို့ကို လေ့လာရမှာဖြစ်ပါတယ်။
  • Communication Field တွင် Radio Communication နှင့်ပတ်သက်သော အကြောင်းအရာများကိုလေ့လာရမှာဖြစ်ပါတယ်။

ပထမနှစ်

  • ဤနှစ်တွင် ကျောင်းသား/သူများသည် စုစုပေါင်း ဘာသာရပ်(၈)ခုကို သင်ကြား ရမှာ ဖြစ်ပါသည်။
  • မြန်မာစာ
  • အင်္ဂလိပ်စာ
  • သင်္ချာ
  • ရူပဗေဒ
  • ဓာတုဗေဒ
  • Basic Electronics(BE)
  • Basic Electricity Component and Circuit(BECC)
  • Drawing
  • Electronics ဘာသာရပ်များဖြစ်သော BE နှင့် BECC တို့တွင် ကျောင်းသား/ သူများသည် Circuit ၏ Concept, Law နှင့် Theory တို့ကိုသင်ကြားရမှာဖြစ်ပြီး လက်တွေ့ချိန်တွင် Electronics Components များအကြောင်းနှင့် Instrument များကို အသုံးပြု၍ တိုင်းတာခြင်းများကို လေ့လာသင်ကြားရမှာဖြစ်ပါသည်။
  • Engineering ဆိုင်ရာပုံဆွဲနည်းများကို Drawing ဘာသာရပ်တွင် လေ့လာ သင်ကြားရမှာဖြစ်ပါသည်။

ဒုတိယနှစ်

  • ဤနှစ်တွင်ကျောင်းသား/သူများသည် စုစုပေါင်း ဘာသာရပ်(၄)ခုကို သင်ကြားရမှာ ဖြစ်ပါသည်။
  • အင်္ဂလိပ်စာ
  • သင်္ချာ
  • Applied Electronics
  • Radio Communication
  • ဤစာသင်နှစ်သည် ကျောင်းသား/သူများအနေဖြင့် နောက်ဆုံးနှစ်ဖြစ်သည့်အတွက် Electronics နည်းပညာကို လက်တွေ့အသုံးချနိုင်ရန် Applied Electronics ဘာသာရပ်ကိုသင်ကြားရမှာဖြစ်ပြီး လက်တွေ့ချိန်တွင် Circuit တည်ဆောက်ပုံများ ကို လေ့လာသင်ယူကြရမှာ ဖြစ်ပါသည်။
  • Communication အကြောင်းကိုသိရှိနိုင်ရန် Radio Communication ဘာသာရပ်ကို သင်ယူလေ့လာကြရမှာဖြစ်ပါသည်။

Knowledge/ Resources

  • ပထမနှစ်ကျောင်းသား/သူများသည် စာမေးပွဲဖြေဆိုပြီးနောက် On Job Training (OJT) ကိုကျောင်းတွင် (၅)ပတ် ပြုလုပ်ရမှာဖြစ်ပါသည်။
  • ဒုတိယနှစ်ကျောင်းသား/သူများသည် စာမေးပွဲဖြေဆိုပြီးနောက် On Job Training (OJT) ကိုကျောင်းတွင်း(သို့)မိမိနှစ်သက်ရာ စက်ရုံ၊အလုပ်ရုံများနှင့် Service Center များတွင်(၈)ပတ် သွားရောက်ပြုလုပ်ကြရပါသည်။

Class Timing

  • ကျောင်းတက်ချိန်သည် နံနက်(၈:၀၀)နာရီ မှ ညနေ(၄:၀၀)နာရီ အထိဖြစ်ပြီး နေ့လည် (၁၂:၀၀)နာရီ မှ (၁:၀၀)နာရီ အထိသည် Lunch Break ဖြစ်ပါသည်။
  • စာသင်ချိန်တွင် (၁)ချိန်တွင် (၁)နာရီရှိပြီး တစ်ရက်လျှင် (၇)ချိန်/တစ်ပတ်(၃၅)ချိန် ဖြင့် သင်ကြားလျက်ရှိပါသည်။

Assessment Methods

  • အခန်းတွင်း Tutorial များစစ်ဆေးခြင်း
  • Monthly Test များစစ်ဆေးခြင်း
  • လက်တွေ့ (Practical) စစ်ဆေးခြင်း
  • စာမေးပွဲကို စာသင်နှစ်တစ်ဝက်တွင်(၁)ကြိမ်၊ စာသင်နှစ်ပြီးဆုံးလျှင်(၁)ကြိမ်၊ စုစုပေါင်း(၂)ကြိမ် စစ်ဆေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

Grading စနစ်

Grade A – (အမှတ် ၈၁ မှ ၁၀၀ အထိ)

Grade B – (အမှတ် ၆၁ မှ ၈၀ အထိ)

Grade C – (အမှတ် ၄၁ မှ ၆၀ အထိ)

Grade D – (အမှတ် ၂၁ မှ ၄၀ အထိ)

Grade E – (အမှတ် ၀ မှ ၂၀ အထိ)