မော်တော်ယာဉ်နည်းပညာသင်တန်း

နိဒါန်း

မော်တော်ယာဉ်နည်းပညာ(AMT)သင်တန်းသည်ယာဉ်အမျိုးမျိုး၏ စက်ပစ္စည်းအစိတ်အပိုင်း များ၊ အင်ဂျင်များကိုပြုပြင်ခြင်း၊ တပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းတို့ကို အခြေခံကျကျ စာတွေ့ လက်တွေ့ သင်ကြားပေးသော မေဂျာဖြစ်သည်။ AMT မေဂျာတွင် အဓိက သင်ကြားပေးသော ဘာသာရပ်များမှာ Petrol and Diesel Engine, Auto Electricity and Chassis နှင့် Engineering Drawing ဘာသာရပ်များဖြစ်သည်။ ဤသင်တန်းကို စိတ်ပါဝင်စားစွာဖြင့် စာတွေ့လက်တွေ့ များကိုစနစ်တကျ သင်ယူပါက အလွန်အကျိုးများ၍ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်သော မေဂျာတစ်ခု ဖြစ်ပါသည်။

Course Duration

သင်တန်းအားလုံးသည်(၂)နှစ်သင်တန်းဖြစ်ပါသည်။

Course Structure

Course အားလုံးသည် အင်ဂျင်နီယာဘာသာရပ်များအပေါ်အခြေခံရေးဆွဲထားပါသည်။ AMT မေဂျာတွင် အဓိကသင်ကြားပေးသည့်ဘာသာရပ်များမှာ-

(၁) Petrol and Diesel Engine ဘာသာရပ်

Petrol and Diesel Engine ဘာသာရပ်သည် အင်ဂျင်တစ်လုံး၏ အစိတ်အပိုင်းများ၊ အခြေခံလုပ်ဆောင်ပုံများ၊ အင်ဂျင်တစ်လုံးအားဖြုတ်ခြင်း၊ တပ်ခြင်းနှင့် စနစ်တကျ စက်နှိုးလည်ပတ်နိုင်စေရန် လက်တွေ့ကျကျ သင်ကြားပေးသောဘာသာရပ်ဖြစ်ပါသည်။

(၂) Auto Electricity and Chassis ဘာသာရပ်

Auto Electricity and Chassis ဘာသာရပ်သည် ကားတစ်စီး၏ Steering System, Ignition System, Starting System, Differentional, Suspension and etc… အစရှိသည်တို့ကို သင်ကြားပေးပါသည်။

(၃) Engineering Drawing ဘာသာရပ်

Engineering Drawing ဘာသာရပ်သည် စက်တစ်ခု၏ အတွင်းအပြင် အစိတ်အပိုင်းများကို View (၃)မျိုး 3D(frontview, side view, top view)တို့ဖြင့် ကြည့်တက်စေရန်နှင့် တိကျသော Dimensions များ၊ Scale များကို Drawing Tools များဖြင့် စနစ်တကျဆွဲတက်စေရန် သင်ကြားပေးသော ဘာသာရပ်ဖြစ်သည်။

စာသင်ကြားချိန်

စာသင်ချိန် (၁)ချိန် တွင် (၁)နာရီ ရှိပြီး၊ တစ်ရက်(၇)ချိန်၊ (၁)ပတ်လျှင် (၃၅)ချိန် ဖြင့် သင်ကြားပေးလျက်ရှိပါသည်။

Assessment Methods

စာသင်ခန်းတွင်         _tutorial များစစ်ဆေးခြင်း

_Monthly test များစစ်ဆေးခြင်း

_လက်တွေ့(Practical) စစ်ဆေးခြင်းဖြင့် အကဲဖြတ်ဆောင်ရွက်ပါသည်။

Grading စနစ်

Grade A – (အမှတ် ၈၁ မှ ၁၀၀ အထိ)

Grade B – (အမှတ် ၆၁ မှ ၈၀ အထိ)

Grade C – (အမှတ် ၄၁ မှ ၆၀ အထိ)

Grade D – (အမှတ် ၂၁ မှ ၄၀ အထိ)

Grade E – (အမှတ် ၀ မှ ၂၀ အထိ)

ပထမနှစ်သင်တန်း

မော်တော်ယာဉ်နည်းပညာသင်တန်း(AMT) ပထမနှစ် တွင် သင်ကြားပေးသည့် ဘာသာရပ်များ

(၁)မြန်မာစာ

(၂)အင်္ဂလိပ်စာ

(၃)သင်္ချာ

(၄)ရူပဗေဒ

(၅)ဓာတုဗေဒ

(၆)Petrol and Diesel Engine

(၇)Auto Electricity and Chassis

(၈)Engineering Drawing

ဒုတိယနှစ်သင်တန်း

မော်တော်ယာဉ်နည်းပညာသင်တန်း(AMT) ဒုတိယနှစ် တွင် သင်ကြားပေးသည့် ဘာသာရပ်များ

(၁)မြန်မာစာ

(၂)အင်္ဂလိပ်စာ

 (၆)Petrol and Diesel Engine

(၇)Auto Electricity and Chassis

(၈)Engineering Drawing