အမေးအဖြေကဏ္ဍ

အစိုးရနည်းပညာအထက်တန်းကျောင်း(ပထမနှစ်)ဝင်ခွင့်

စနစ်သစ်တွင် ဒသမတန်း(၁၀တန်း)အောင်မြင်ပြီးသူ/ စနစ်ဟောင်းတွင် အဌမတန်း(၈တန်း) အောင်မြင်ပြီးသူများ တက်လို့ရပါသည်။
ဟုတ်ကဲ့ပါ။ ဝင်ခွင့်ဖြေဆိုရန် လိုအပ်ပါသည်။
အဌမတန်း(၈တန်း)တွင် သင်ကြားသော အင်္ဂလိပ် နှင့် သင်္ချာ ဘာသာရပ်များကို လေ့လာထားရန် လိုအပ်ပါသည်။
ဖွင့်လှစ်မည့်သင်တန်းများမှာ (၁)အဆောက်အဦနည်းပညာသင်တန်း(Building Technology) (၂)အီလက်ထရောနစ်နည်းပညာသင်တန်း(Electronics Technology) (၃)မော်တော်ယာဉ်နည်းပညာသင်တန်း(Auto Mechanics Technology)
(က) သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ အဌမတန်းအောင်မြင်ကြောင်း ထောက်ခံစာမူရင်း(ထောက်ခံစာတွင်မွေးသက္ကရာဇ်ပါရမည်) (ခ) မိဘနှစ်ပါးနှင့် ကျောင်းသား၏ မှတ်ပုံတင် မိတ္တူ (ဂ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာမူရင်း (ဃ) ရဲစခန်းထောက်ခံစာမူရင်း (င) အိမ်ထောင်စုဇယားမိတ္တူ (စ) လိုင်စင်ဓါတ်ပုံ(၅) ပုံ (ရှပ်အင်္ကျီအဖြူ) အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါကောင်းမွန်သူဖြစ်ရမည်။
သတင်းစာများ၊ ကျောင်း၏ Facebook စာမျက်နှာနှင့် Website များတွင် ကြေညာ ထားပါမည်။